Baby Snack

EDISONmama Bread Mix နဲ့ ချစ်စရာ ဘဲရုပ်ပေါင်မုန့်လုပ်နည်း

ကျောင်းကိုပဲထည့်ပေးပေး၊ အိမ်မှာပဲလုပ်ကျွေးကျွေး အဆင်ပြေမယ့် အဆာပြေ ချစ်စရာ ဘဲရုပ်ပေါင်မုန့်လုပ်နည်းလေးပြောပြပေးမယ်။
သုံးရမှာက EDISONmama Bread Mix နဲ့ ပြောင်းဖူးမှုန့်လေး ( ၂ )မျိုးပဲနော်။
အောက်ကပုံလေးတွေမှာ မုန့်လုပ်နည်းအသေးစိတ်ပါတာမို့ မေမေတို့ အလွယ်လေးလိုက်လုပ်လို့ရမှာပါနော်။
 အဆင့် ( ၁ ) 
EDISONmama Bread Mix 30g စီကို ဇလုံတခုစီ ခွဲထည့်ပြီး ရေ/နို့ နှစ်သက်ရာ 30ml စီဖြင့် ရောပါ။ ပြောင်းဖူးပေါင်မုန့်လုပ်ရန်အတွက် ဇလုံတခုတွင် EDISONmama ပြောင်းဖူးမှုန့် ၂ ဇွန်းကို ရောထည့်ပါ။
ဇလုံ ၂ ခုလုံးကို ၁ မိနစ်စီ မွှေပါ။
အဆင့် ( ၂ ) 
ဆီအနည်းငယ်စီထည့်ပြီး နောက်ထပ် ၁ မိနစ်ကြာ ထပ်မွှေပါ
(ဆီကိုနောက်မှထည့်တာက အလုံးလုပ်တဲ့အခါ ပိုအဆင်ပြေပါတယ်)
အဆင့် ( ၃ ) 
လက်ကို ဆီနည်းနည်းသုတ်ပြီး ဇလုံ ၁ လုံးကို ပေါင်မုန့် ၃ ခု ရအောင် လုံးပါ။ ပေါင်မုန့်လုံးတွေကို အပူခံပြားထဲကို wrapping plastic ခံပြီး ထည့်ပါ။ ပြီးရင် Microwave ထဲမှာ 600W နဲ့ 1 min 40 seconds ကြာအောင် ဖုတ်ပါ။
(ပေါင်မုန့်သားက ကပ်တတ်တာမို့ ထည့်တဲ့အခါ နည်းနည်းစီ ချဲထားပါ)
အဆင့် ( ၄ ) 
ပေါင်မုန့်ကျက်သွားပြီဆိုရင် ဘဲနှုတ်သီးနေရာအတွက် ဓါးလေးသုံးပြီး အရာပေးပါ။
အဆင့် ( ၅ ) 
ဘဲနှုတ်သီးလုပ်ဖို့ ပြောင်းဖူးစေ့လေးတွေကို ပုံထဲကအတိုင်း ထည့်ပါ။
အဆင့် ( ၆ ) 
မျက်လုံးနေရာအတွက် ချောကလက်ယိုနဲ့ ဆံပင်နေရာအတွက် စတော်ဘယ်ရီယိုကို လိုသလောက်သုံးပြီး ဆေးချယ်ပါ။ ပြီးရင်တော့ ကလေးတို့အတွက် ချစ်စရာ EDISONmama ဘဲရုပ်ပေါင်မုန့်လေးတွေ ရပါပြီရှင့်…။

Leave a Reply

Your email address will not be published. Required fields are marked *