1, 2, 3 … အဆင့် ( ၃ )ဆင့်ထဲနဲ့ အရသာရှိပြီး ချစ်စရာကောင်းတဲ့ Butter Ball လေးတွေ လုပ်ကျွေးကြမယ်။ ဒီ Butter Ball လေးတွေကို လုပ်ရလွယ်တဲ့အပြင် ထောပတ်နံ့သင်းသင်းလေးနဲ့မို့ ဘေဘီလေးတို့ရော မေမေတို့ပါ မုန့်လုပ်ရင်းသရေယိုရမယ့် မီနူးလေးပါရှင့်။
မေမေတို့ အလွယ်လေးလိုက်လုပ်နိုင်တဲ့အဆင့်လေးတွေကို ပုံလေးတွေမှာ ရေးပေးထားလို့ တပုံချင်းစီထောက်ဖတ်ပြီး ဘေဘီလေးတွေကို လုပ်ကျွေးကြည့်ကြပါဦးနော်…
Step-1 ပါဝင်ပစ္စည်းအားလုံးကို ဇလုံတခုထဲထည့်ပါ။
Step-2 texture ချောမွေ့ပြီး ပျစ်လာသည်အထိ သေချာစွာမွှေပါ။
Step-3 Silicon oven tray ဒါမှမဟုတ် အပူခံပုံစံခွက်လေးထဲမှာ မပြည့်တပြည့်အနေအထားလုံးပြီးထည့်ပါ။
အပူပေးထားတဲ့ oven ထဲမှာ 180℃ နဲ့ ၁၅ မိနစ်ခန့် ဖုတ်ပါ။ ပြီးရင်တော့ အရသာရှိပြီး ထောပတ်နံ့သင်းသင်းလေးနဲ့ ချစ်စရာ butter ball လေးကို ရပါပြီရှင့်…
#EDISONmama
#ButterBall